လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် စက်တင်ဘာလ (၁၃) ရက်နေ့တွင် မုံရွာမြို့၊ မြစန္ဒာခန်းမ၌ ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ ယင်းမာခရိုင်နှင့် စစ်ကိုင်းခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော တစ်နိုင်ငံလုံးရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းစုစုပေါင်း (၁၂၉၇) ခုအား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်ကစပြီး ထောက်ပံ့ကြေးငွေများကို (၃.၁၃)ဆ တိုးမြှင့်၍ စုစုပေါင်း ကျပ်သိန်းပေါင်း (၁၇၁၆၆)သိန်းအား ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဒီလိုထောက်ပံ့ပေးခြင်းဟာ နိုင်ငံတော်သမ္မတကြီးချမှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်နေခြင်းဖြစ်တဲ့ အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တတ်အားသမျှဆောင်ရွက်နေခြင်းပဲ ဖြစ်ပါ ကြောင်း စသည်ဖြင့် အကျယ်တဝင့်ပြောကြားပါသည်။ အစီအစဉ်အရ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးသာအေးက လူမှုစီးပွားဘဝမြှင့်တင်ရေးဆောင်ရွက်ချက်များအား ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ချောင်းဦးမြို့နယ် အတွင်းရှိ ဧရိပ်မွန် (၂) အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဂေဟာအတွက် (၆၇.၂၀) သိန်း၊ မုံရွာမြို့နယ် အတွင်းရှိ သလ္လာရပ်လူငယ်ဖွံ့ဖြိုးရေးဂေဟာအတွက် (၆၀.၅၈) သိန်း၊ မုံရွာဘိုးဘွားရိပ်သာအတွက် (၅၄.၇၅) သိန်းနှင့် ရောင်ခြည်သစ်မျက်မမြင်ကျောင်းအတွက် (၁၁.၁၀) သိန်း၊ မုံရွာခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၀) ကျောင်းအတွက် သိန်း (၆၀)၊ ဒီပဲယင်းမြို့နယ် အတွင်းရှိ မရကန်အင်ကြင်းပင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၃၅.၅၉) သိန်း၊ ရွှေဘို မြို့နယ်အတွင်းရှိ သနန္တရဓမ္မကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၃၀.၄၈) သိန်း၊ ရွှေဘိုခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၂၀)ကျောင်းအတွက် သိန်း (၁၂၀)၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပညာပဒေသာကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၅၆.၇၆) သိန်း၊ ယင်းမာမြို့နယ်အတွင်းရှိ ရိုးမတိမ်မဟာအောင်မြေလူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာအတွက် (၅၀.၁၉) သိန်း၊ ယင်းမာခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၄) ကျောင်းအတွက် (၂၄) သိန်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆားတောင်စံပြကျေးရွာ လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၄၂.၂၉) သိန်းနှင့် ရွာထောင်ဘိုးဘွားရိပ်သာအတွက် (၄၀.၁၅) သိန်း၊ စစ်ကိုင်းခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၅) ကျောင်းအတွက် သိန်း (၃၀)၊ စုစုပေါင်း ကျပ်သိန်းပေါင်း (၇၃၆.၉၃) သိန်းအား သက်ဆိုင်သူများထံထောက်ပံ့ပေးပြီး ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။
မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်နှင့် ယင်းမာခရိုင်များအတွင်းရှိ လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များအတွက် နည်းပြ သင်တန်း (၁၇/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၁၄) မှ (၁၆/၂၀၁၄) ထိအား ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ နေပြည်တော်ကောင်စီ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်များရှိ ခရိုင်များအားလုံးနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်များရှိ ကျေးရွာစုစုပေါင်း (၄၅) ရွာ ကျော်မှ လူငယ်မောင်မယ်စုစုပေါင်း (၁၆၆၀) ဦးခန့်ကို နည်းပြသင်တန်းများ ပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နည်းပြသင်တန်းများဖွင့်လှစ်ပြီး တိုင်ဒေသကြီး/ပြည်နယ်များမှာ ဆင့်ပွားသင်တန်းများလည်း ဆက်လက်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ကျန်ရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာလည်း နည်းပြသင်တန်းများနှင့် ဆင့်ပွားသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါကြောင်း၊ ဒီလို ဆောင်ရွက်နေခြင်းဟာ နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်ချက်နှင့်အညီ လူငယ်များအတွက် အလေးထားစဉ်းစားပြီး ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်နေခြင်းလည်းဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ အစီအစဉ်အရ ဝန်ကြီးချုပ်က အမှာစကားပြောကြားပါသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးကြည်က လူမှုစောင့်ရှောက်ရေးစေတနာ့ ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်က သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် များ စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားကြပါသည်။ ထို့နောက် တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ သင်တန်းခန်းမသို့ ရောက်ရှိပြီး ကျေးရွာ (၃၁) ရွာမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (၆၂) ဦးတို့ကို နည်းပြသင်တန်းပို့ချနေမှုနှင့် သလ္လာရပ်ကွက်၊ အ.ထ.က (၄) သို့ ရောက်ရှိပြီး ကျေးရွာ (၃၀) ရွာမှ လူမှုစောင့်ရှောက်ရေးစေတနာ့ ဝန်ထမ်းလူငယ် (၆၂) ဦးတို့ကို နည်းပြသင်တန်းပို့ချနေမှုတို့အားကြည့်ရှု၍ လူငယ်မောင်မယ်များ ကို အားပေးစကားပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။