လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၁-၂၀၂၀)ရက်နေ့တွင် ဘူးသီးတောင်မြို့၊ တောင်ရပ်ကွက်၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းနှင့် မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်း၊ စုရပ်စခန်း(၂)ခုတို့၌ ရိက္ခာထပ်မံလိုအပ်လျက်ရှိသည့် တိုက်ပွဲရှောင် အိမ်ထောင်စု(၆၀၉)စု၊ လူဦးရေ(၂၅၀၅)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ၊ ဆန်(၃၆၅)အိတ်၊ (၇)ပြည်၊ (၄)ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#rke_jan2020
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)