လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများ သည် (၃၀-၁-၂၀၂၀) ရက်နေ့၊ (၁၃ : ၀၀) နာရီအချိန်မှ (၁၄ : ၃၀) နာရီအချိန်အထိ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာအုပ်စု၊ ဘန်ဒါကွက်သစ်၊ အရိုးပုံကျေးရွာ၊ အလယ် တန်းကျောင်းခွဲတွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘန်ဒါကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ရပ်မိရပ်ဖများ ၊ကျေးရွာများအတွင်းရှိပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ စုစုပေါင်းတက် ရောက်လာသူ(၃၀၀) ဦးခန့်အား ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ် တုံ့ပြန် ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို ဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မီးဘေးဗီနိုင်း ၊(မီးဘေး၊ရေဘေး၊ လေဘေးနှင့် ငလျင် ဘေး ပိုစတာများ) အားရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများ အား လက်ကမ်းစာစောင်များ၊ မုန့်များဝေငှပေးခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#bgo_jan2020
Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)