လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ နမ့်နီ၊ နမ့်လုံ ကျေးရွာအုပ်စု၊ အယောဒေ( နောင်တဲ) ကျေးရွာ၌ (၂၈-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၅) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၀,၄၀၀/-) ကျပ်တို့အား (၂၉-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#shn_jan2020