လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့သည် (၂၉-၁-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဘုတ်ကုန်းကျေးရွာအုပ်စု၊ ကံတောကျေးရွာ၌ ကျေးရွာသူ/သား (၆၀)ဦးခန့်ကို ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများအားရှင်းလင်းခြင်း၊ ငလျင်ဘေးနှင့် အခြားသောသဘာဝ ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာ သူများအား မီးဘေး၊ ငလျင်ဘေးနှင့် လေပြင်းဘေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_jan2020
Source: ကနီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)