သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ၊ လင်းခေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဝမ်ဟတ်) တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ တက်ရောက်သူ စုစုပေါင်း (၅၀၀) ဦးအား ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ကျောင်းသား/ကျောင်းသူများအား ရာသီဥတုပြောင်းလဲမှုကြောင့် အပူရှိန် မြှင့်တက်လာနိုင်မှုများ၊ နောက်ဆက်တွဲ ဘေးအန္တရာယ်များ၊ ဖြစ်ပေါ်လာနိုင်မှုအခြေအနေများကို အသေးစိတ်ဆွေးနွေးပြီး သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခြင်း၊ ငလျင်ဘေး အန္တရာယ်ဖြစ်ပေါ်လာပါက နေထိုင်ရမည့် အနေအထားများကို လက်တွေ့သရုပ်ပြသခြင်း၊ လိုက်ပါ ဆောင်ရွက်စေခြင်း၊ ဘေး (၈) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သဘာဝဘေး မှတ်တမ်း Video များ ပြသခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လင်းခေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#shn_jan2020

Sign Up

Upcoming Events