လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉ – ၁-၂၀၂၀) ရက်နေ့၊ နံနက် ( ၉ : ၀၀ )နာရီအချိန်မှ (၁၀ : ၃၀) နာရီအချိန်အထိ ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာ၊ အ.ထ.က ၌ ကျောင်းသား/ သူများနှင့် ဆရာ/ဆရာမ (၉၇၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ သရုပ်ပြခြင်း၊ အမေးအဖြေများ အပြန်အလှန်ဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
#ar
#mgy_jan2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)