လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ရွှေလင်းဆွဲကျေးရွာအုပ်စု၊ ရွှေလင်းဆွဲကျေးရွာ၌ ကျေးရွာလူထု(၁ဝဝ)ဦးကိုလည်းကောင်း၊ (၁၃:ဝဝ)အချိန်တွင် တောင်ဘို့ကျေးရွာအုပ်စု၊ ကုန်းစင်ကျေးရွာ၌ ကျေးရွာလူထုနှင့် ကျောင်းသား/ ကျောင်းသူ(၂၅ဝ)ဦးကိုလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် အသိပညာပေးဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_jan2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)