လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄ – ၁ -၂၀၂၀ ) ရက်နေ့ ၊( ၁၅ : ၀၀ ) နာရီအချိန်ခန့်တွင် လားရှိုးမြို့နယ် ၊ အီနိုင်းကျေးရွာအုပ်စု၊ မန်ပြိန်းကျေးရွာ၌ နယ်မြေလုံခြုံရေးအခြေအနေရ တိုက်ပွဲဖြစ်ပွားမည်စိုးရိမ်သောကြောင့် လားရှိုးမြို့ ၊ ရပ်ကွက်(၉)၊ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းသို့ တိမ်းရှောင်လာသော ထပ်တိုးတိုက်ပွဲရှောင် အိမ်ထောင်စု(၁)စု၊ လူဦးရေ (၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး ၊အိမ်ထောင်စု (၁) စုစာနှင့်လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာအား (၂၈ -၁ -၂၀၂၀ ) ရက်နေ့ ၊ (၁၃ : ၀၀) နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်းသတင်း ရရှိပါသည်။
#ha_otr
#shn_jan2020
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)