မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

29_Pic_02

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့ (၀၀:၄၀)နာရီအချိန်တွင် မီးလောင် မှုကြောင့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ညောင်အိုင်ရပ်ရှိ လူနေအိမ်(၁)လုံးမှ အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ မီးဘေးကြောင့် သေဆုံးသူ (၂) ဉီး အတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀၀,၀၀၀) ကျပ်အား (၂၈-၁-၂၀၂၀)ရက်နေ့ (၁၆:၂၀) နာရီအချိန်တွင် အမှတ်(၃)ရပ် ကွက်ရှိ မီးဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#sgg_jan2020
 
 
Source: ကန့်ဘလူခရိုင်ဉီးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events