
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၀) ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် ကန့်ဘ လူမြို့နယ်၊အောင်ချမ်းသာကျေးရွာအုပ်စု၊ ကျောက်တိုင်ကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့ရာ လူနေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ မီးဘေးသင့်လူဉီးရေ (၁၁) ဉီး အတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၂၃၁၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၃,၁၀၀) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၂၈-၁-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ကျောက်တိုင် ကျေးရွာရှိ မီးဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ကန့်ဘလူခရိုင်ဉီးစီးမှူးရုံး(ဘစမ)