လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၈-၁-၂၀၂၀) ရက်နေ့ နံနက်ပိုင်း(၁၀:၀၀)နာရီအချိန်တွင် ဆင်ပေါင်ဝဲမြို့နယ် ၊ ရွှေမောင်းစွန်း ကျေးရွာအုပ်စု၊ ရှားတိုင်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမ နှင့်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၅၃) ဦးခန့်အား သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် စာရေးကိရိယာ ပစ္စည်းများဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_jan2020
Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)