လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၀:၃၀)နာရီအထိ မုံရွာခရိုင်၊ ဘုတလင်မြို့(အထက) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၄၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#sgg_jan2020