
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ နေပြည်တော်တိုင်း ဉီးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၇.၁.၂၀၂၀) ရက်နေ့၊ (၀၉:၃၀)ချိန်မှ (၁၁:၄၅) ချိန် အထိ ဇဗ္ဗူသီရိမြို့နယ်၊ အ.ထ.က (၁၀)ကျောင်းတွင် ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင် ရေးအတွက် သဘာဝ ဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/သူ (၃၀၀)ဉီးအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိ ပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: နေပြည်တော်တိုင်းဉီးစီးမှူးရုံး (ဘစမ)