
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ ဇေယျာမွန်ရပ်ကွက်၊ ဂေါက်ကွင်းကျူးကျော်ပိုင်း၌ (၂၅-၁-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင် ကျွမ်းမှုကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၆)အိမ်ထောင်စာနှင့် စက္ကူပုံး (၆)ပုံးအားလည်းကောင်း၊ အဆိုပါနေအိမ်များမှ လူဦးရေ (၂၆)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၅၄,၆၀ဝ) ကျပ်အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ (၅၄,၆၀ဝ) ကျပ်တို့အား (၂၇-၁-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် ဇေယျာမွန်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)