လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၅:၁၀) နာရီအချိန်အထိ ဇဗ္ဗူသီရိမြို့နယ်၊ အ.ထ.က (၁၁) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွား နေစဉ် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား၊ ကျောင်းသူ (၂၁၀) ဦးအား သရုပ်ပြခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်း ပိုစတာ၊ နံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_jan2020
Source: နေပြည်တော်ဉီးစီးမှူးရုံး (ဘစမ)