လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂ – ၁ -၂၀၂၀ ) ရက်နေ့တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ရှောက်ခြုံကျေးရွာ၊ သရက်ပင်ချောင်းကျေးရွာ၊ အုန်းတည်ချောင်းကျေးရွာ၊ အမ်းမြို့နယ်၊ ဒါးလက် အုပ်စု၊ ဒါးလက်တောင်ရွာ၊ ဒါးလက်ရွာဟောင်းရွာနှင့် မြေပုံမြို့နယ်၊ စညှင်းကျေးရွာအုပ်စု၊ စညှင်းကျေးရွာတို့မှ ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၄)စု မှ ကျား (၂၄) ဦး၊ မ(၂၉) ဦး၊ ပေါင်း (၅၃)ဦး အား ( ၈ – ၁ – ၂၀၂၀ ) ရက်နေ့တွင် ဆန်ရိက္ခာ (၂) ပတ်စာတန်ဖိုးငွေ (၂၂၂,၆၀၀/-) အား ထောက်ပံ့ပေးအပ်ခဲ့ပြီး( ၂၄- ၁ – ၂၀၂၀ )ရက်နေ့ ( ၁၄ : ၀၀ )နာရီအချိန်တွင် ဆန်ရိက္ခာ (၁) လစာတန်ဖိုးငွေကျပ် (၄၇၇,၀၀၀/-) အား အမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက် ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_jan2020
Soruce: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)