သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

24_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊တာချီလိတ်မြို့နယ်ဦးစီးမှုးရုံးမှတာ၀န်ရှိသူများသည်(၂၃-၁-၂၀၂၀)ရက်နေ့၊နံနက် (၀၉:၃၀) မှ(၁၂:၀၀) ထိတာချီလိတ်မြို့၊ မယ်ယန်းကျေးရွာ၊ (မယ်ဟုတ်) အခြေခံပညာအလယ်တန်း ကျောင်းမှ ကျောင်းသူ/ကျောင်းသားများစုစုပေါင်း(၂၅ဝ)ဦးအားလည်းကောင်း၊ နေ့လယ်ချိန်(၁၃:ဝဝ) မှ(၁၅:ဝဝ)ထိ ဝမ်လုံးကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာရှိ အခြေခံပညာမူလွန်တန်းကျောင်းမှ ကျောင်းသား/သူအပါအဝင် ဆရာ/ဆရာမ တက်ရောက်သူအင်အား (၁၅၀)ဦးအားလည်းကောင်း သဘာ၀ဘေးနှင့်စပ်လျဉ်း၍အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ရာသီဥတုပြောင်းလဲခြင်း နှင့် ၄င်း၏ သက်ရောက်မှုများကြောင့်ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာ၀ဘေးအန္တရာယ် များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ ရှောင်ရန်များ၊ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက်ဘေးကျရောက်လာပါက တုံ့ပြန်ဆောင်ရွက် သည့်အနေအထားများကိုပြသခြင်း၊ ဂိမ်းများကစားခြင်းဖြင့် ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှှိိပါသည်။
Source: တာချီလိတ်မြို့နယ်ဦးစီးမှုးရုံး (ဘစမ)

#ar
#shn_jan2020

Sign Up

Upcoming Events