
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃-၁-၂၀၂၀)ရက်နေ့၊ (၁၃:၃၀) နာရီမှ(၁၅:၃၀)နာရီအထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာ၊ အလယ်တန်းကျောင်း၌ ဆရာ/ဆရာမ(၁၄)ဦး၊ ကျောင်းသား/သူ(၂၄၆)ဦး၊ စုစု ပေါင်း(၂၆၀)ဦးတို့အား ငလျင်ဘေးနှင့်အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_jan2020