သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

 

24_ Pic _ 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃ – ၁ -၂၀၂၀) ရက်နေ့၊ ( ၁၃ : ၃၀ )နာရီမှ ( ၁၄ : ၃၀ )နာရီအထိ ဒိုက်ဦးမြို့၊ မင်းတဲရပ်ကွက်၊ ဒေါ်ခင်ချစ်ဓမ္မာရုံတွင် ဒိုက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်အတူ မင်းတဲရပ်ကွက်ရှိပြည်သူများ၊ ကျောင်းသား / ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦး ကျော်တို့အား ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက် ရေးနှင့် ဘေးဖြစ်ပြီးဆောင်ရန်၊ ရှောင်ရန်များကို ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ၊ မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေး ပိုစတာများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပေးအပ်ခြင်း ၊ တက်ရောက်လာသူများအား  လက်ကမ်းစာ စောင်များနှင့် မုန့့်များဝေငှပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

 

 

#ar

#bgo_jan2020

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ )

 

 

Sign Up

Upcoming Events