
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၀)ရက်နေ့၌ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာအုပ်စု၊ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၁) အိမ်ထောင်စာနှင့် Family Kit(၁)ထုပ်၊ရေပုံးအဖုံးပါ(၂)ပုံး(၁)အိမ်ထောင်စာအားလည်းကောင်း၊ အိမ် ဆောက်ပစ္စည်းထောက်ပံ့ဖိုးငွေ(၂၀၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ(၆)ဦးအတွက်(၇)ရက်စာဆန်ရိက္ခာ ထောက်ပံ့ဖိုးငွေ (၁၂,၆၀ဝ/-)ကျပ်အားလည်းကောင်း၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀ဝ/-)တို့အား (၂၃-၁-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် မုက္ခမူကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ် သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#mon_jan2020