သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

 

24_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃ – ၁ -၂၀၂၀ ) ရက်နေ့၊ ( ၁၃ : ၀၀ ) နာရီအချိန်မှ ( ၁၄ : ၃၀ ) နာရီ အချိန်ထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ လွန်စိုင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝ ဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ / မများ၊ ကျောင်းသား / သူများနှင့် ပြည်သူလူထုစုစုပေါင်း (၇၀) ဦးခန့်တက်ရောက်ခဲ့ပြီး  အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန ၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး အကြောင်း ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေ အထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_jan2020

Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events