ဇန်နဝါရီ ၂၃၊ နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အူရီဒူးမြန်မာက (B2B Director) ဖြစ်သူ Mr. Tiberius ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် အူရီဒူးမြန်မာဆက်သွယ်ရေးကုမ္ပဏီမှ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော သတင်းအချက်အလက်နည်းပညာနှင့်ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး သဘာဝဘေးနှင့်ပတ်သက်၍ သတင်းပေး၊ သတင်းယူလုပ်ငန်းများ၊ သဘာဝဘေးကျရောက်ချိန်တွင် ဘေးသင့်ဒေသရှိပြည်သူများနှင့် တိုက်ရိုက်ဆက်သွယ်၍ အပြန်အလှန်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ လူမှုဝန်ဆောင်မှုများပေးရာတွင် ခံစားခွင့်ရှိသူ များထံ တိုက်ရိုက်ငွေကြေးထောက်ပံ့နိုင်သောနည်းလမ်းများနှင့် အူရီဒူးမြန်မာ၏ Corporate Social Responsibility (CSR) လုပ်ငန်းများကို ဝန်ကြီးဌာန၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်နိုင်ရန်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိ ပါသည်။
#hl1
#npw_jan2020
Source: MOSWRR