
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၉)ရက်နေ့ တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့၊ မြောက်ပိုင်းရပ်ကွတ်၊ အမ်းမြို့နယ်၊မဲလက်မောင်းကျေးရွာအုပ်စု၊ ကံ့ကော်မြိုင်ကျေးရွာနှင့် အမ်းမြို့နယ်၊ ရူးကျေးရွာအုပ်စု၊ ရူး(ချင်း)ကျေးရွာတို့တွင် ရောက်ရှိခိုလှုံ လျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၂၃)စုမှ ကျား(၅၂)ဦး၊ မ(၅၇)ဦး ၊ပေါင်း(၁၀၉) ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာထောက်ပံ့ဖိုးငွေ(၉၈၁,၀၀၀/-)ကျပ်နှင့် (၂၂-၁-၂-၂၀၂၀) ရက်နေ့တွင်ကျောက်ဖြူ ခရိုင်၊ အမ်းမြို့၊ အရိုးတောင်ချောင်းကျေးရွာ၊ ဒါးလက်ရွာဟောင်းကျေးရွာ၊နှမ်းချောင်းကျေးရွာ၊ မဲလက်မောင်းကျေးရွာ၊ မဲတောင်ခြေရင်းကျေးရွာ၊ ကြိမ်ချောင်ကျေးရွာ၊ ခမောင်းတောကျေးရွာ၊ အုန်းတည်ချောင်းကျေးရွာ၊ ဘူးသီးတောင်မြို့နယ်တို့မှ အမ်းမြို့မိုးလုံလေလုံအားကစားခန်းမသို့ရောက်ရှိခိုလှုံနေသောအိမ်ထောင်စု(၈၄)စု၊ ကျား(၁၉၄)ဦး၊ မ(၁၉၂)ဦး၊ စုစုပေါင်း(၃၈၆)ဦးအတွက် ဆန်ရိက္ခာ(၂)လစာထောက်ပံ့ဖိုးငွေ (၁,၆၂၁,၂၀၀/-)ကျပ် စုစုပေါင်းတိုက်ပွဲရှောင်အိမ်ထောင်စု (၁၀၇) စု၊ ကျား(၂၄၆)ဦး၊ မ(၂၉၄)ဦး၊ စုစုပေါင်း(၄၈၅)ဦးတို့အတွက် စုစုပေါင်းတန်ဖိုးငွေ (၂,၆၀၂,၂၀၀/-) ကျပ်အား(၂၃-၁-၂၀၂၀)ရက်နေ့ (၁၃:၃၀)အချိန်တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#rke_jan2020