သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

 

23_Pic_08 23_Pic_09

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၁-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ (အ.ထ.က) (ခွဲ) ရဲလ်စိန်းကျောင်း၊ ဖလမ်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ စုစုပေါင်း(၁၃၀) ဦးခန့် တက်ရောက်ခဲ့ပြီး ဆောင်ရန်/ရှောင်ရန် အချက်များ၊ တက်ရောက်သူများထဲမှ ကျောင်းသား/သူများ၏ သိလိုသည့်အချက်များ ဆွေးနွေးခဲ့ကြပြီး မေးခွန်းအမေးအမြန်းများပြုလုပ်ခြင်း၊  မေးခွန်း(၅) ခုအဖြေမှန်သူ(၄) ဦးအား ကျောင်းသုံးစာရေးကိရိယာများကို ဆုအဖြစ်ချီးမြှင့်ခြင်း၊ ဘေး(၄) မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း  စသည်များဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ar

#shn_jan2020

Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events