သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

 

23_Pic_06 23_Pic_07

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၁-၂၀၂၀) ရက်နေ့၊ ညနေ(၁၃:၃၀) နာရီ မှ(၁၅:၃၀) နာရီအချိန်ထိ (အ.လ.က) လုံရန်းကျောင်း၊ ဖလမ်းမြို့တွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ စုစုပေါင်း(၁၁၀) ဦးခန့် တက်ရောက်ခဲ့ပြီး ရှောင်ရန်/ဆောင်ရန်အချက်များ၊ တက်ရောက်သူများထဲမှ ကျောင်းသား/သူများ၏ သိလိုသည့်အချက်များ ဆွေးနွေးခဲ့ကြပြီး မေးခွန်းအမေးအမြန်းများပြုလုပ်ခြင်း၊  မေးခွန်း(၅) ခုအဖြေမှန်သူ (၅)ဦးအား ကျောင်းသုံးစာရေးကိရိယာများကို ဆုအဖြစ်ချီးမြှင့်ခြင်း၊ ဘေး (၄) မျိုး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း စသည်များဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#shn_jan2020

Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events