ဇန်နဝါရီ ၂၁ ၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ၏စခန်းများကို ပြည်တွင်းနေရပ်စွန့် ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာနှင့်အညီ ပိတ်သိမ်းနိုင်ရန်နှင့် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျောက်ဖြူ၊ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း ပိတ်သိမ်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ အစိုးရအနေ ဖြင့် စတင်တာဝန်ယူစဉ်ကပင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးပြီး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အညွှန်းကိန်းများအရ ဖွံ့ဖြိုးမှုနိမ့်ကျသည့် ပြည်နယ်များ ကို ဦးစားပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကာလကြာရှည်စွာဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ ဒဏ်များကို ခံစားနေကြရပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးမှု၊ တိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် လုပ်ငန်းကော်မတီ(၄)ခုဖြင့် ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို မိမိတို့ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီကို စတင်တာဝန်ယူစဉ်ကပင် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးကို စတင်ကြိုးစားခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရာတွင် အားလုံးသာတူညီမျှ ခံစားရရှိရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲဖို့အတွက် ဦးတည်ဆောင်ရွက်ပါကြောင်း၊ ထို့အတွက် မိမိတို့အနေဖြင့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ရေရှည်ပဋိပက္ခဖြစ်ပွားရခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရခြင်းတို့၏ အကြောင်းအရင်းများကို ဖော်ထုတ်နိုင်ရန် မစ္စတာကိုဖီအာနန်ဦးဆောင်သော အကြံပေးကော်မရှင် ကိုလည်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ အကြုံပြုချက်ထဲတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ကိစ္စလည်းပါဝင်ပါကြောင်း၊ စနစ်တကျနှင့် ရေရှည်တည်တံ့ နိုင်ရေးအတွက် ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်း များပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ၂၀၁၈ခုနှစ်ဆန်းပိုင်းမှ စတင်ရေးဆွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မဟာဗျူဟာကို ရေးဆွဲနေစဉ်ကပင် ကျောက်တော်မြို့နယ်အတွင်းရှိ နိဒင်စခန်း၊ မြေပုံမြို့နယ်အတွင်းရှိ တောင်ပေါ် စခန်းများကို စနစ်တကျပိတ်သိမ်းဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ဆက်လက်ပိတ်သိမ်းရန်ကျန်ရှိသော ယာယီခိုလှုံရာ စခန်းများထဲက ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း ပိတ်သိမ်းနိုင်ရေးအတွက် မဟာဗျူဟာ ပါလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရန် လာရောက်ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မဟာဗျူဟာ၏ ရည်ရွယ်ချက်ဖြစ်သော “ဘေးကင်းလုံခြုံ၍ ဂုဏ် သိက္ခာရှိပြီး မှီခိုမှုကင်းသောဘဝများကို ပြန်လည်တည်ဆောက်နိုင်ရေး” အတွက် ဦးတည်ဆောင် ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ မဟာဗျူဟာအရ ပိတ်သိမ်းနိုင်ရန် ရခိုင်ပြည်နယ်တွင် ပြည်နယ် အဆင့်ကော်မတီကို ဖွဲ့စည်းပြီးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုကော်မတီမှတစ်ဆင့် စခန်း အလိုက် လုပ်ငန်းကော်မတီများဖွဲ့စည်းရမည်ဖြစ်သကဲ့သို့ ကဏ္ဍအလိုက် ဆပ်ကော်မတီများလည်း ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါအဆင့်များကို ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် စခန်းနေသူများအားလုံးက ပူးပေါင်းဆောင်ရွက်ပါက အောင်မြင်မှုရနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ရရှိရေးသည် ဖွံ့ဖြိုးမှုတိုးတက်မှုများ ဆောင်ရွက်ရာတွင် အရေးကြီးသည့် အခြေခံအချက်များ ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ရာတွင် ဘဏ္ဍာငွေရရှိရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရများက အဓိကပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းကူညီမှုများလည်း ရယူဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၊ ပြည်သူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံ များ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသော ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ၊ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) သည်လည်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူ အညီများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အရေးကြီးသည့် ကဏ္ဍအနေ ဖြင့် ပါဝင်ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အောင် မြင်မှုရရှိအောင် အားလုံးကအကြံပြု ပါဝင်ဆွေးနွေးမှုများ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြော ကြားခဲ့ပါသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပုက ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောက်တစ်လုံး ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းပိတ်သိမ်းရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပါသည်။
ယင်းနောက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောက်တစ်လုံး ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီဥက္ကဌ၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း က စခန်းပိတ်သိမ်းရေးနှင့်စပ်လျဉ်း၍ ပြည်နယ်အဆင့်ကော်မတီများ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားသည့်အခြေအနေများ၊ ပြန်လည်နေရာချထားပေးရန် ရွေးချယ်ထားသည့် မြေနေရာ အခြေအနေများ၊ အသက်မွေးဝမ်းကျောင်း ဖော်ဆောင်ပေးနိုင်ရေး အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဘေးအန္တရာယ် ဆိုင်ရာညွှန်ကြားရေးမှူးချုပ်၊ UEHRD မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ပြန်လည်နေရာချထားရေးနဲ့ စခန်းပိတ်သိမ်းရေးဆောင်ရွက်ရာတွင် နေအိမ်များ၊ စျေး၊ လမ်း၊ တံတား၊ အစရှိသော အခြေခံအဆောက်အအုံတည်ဆောက်ပေးခြင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ပေးရေး၊ အများပြည်သူလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လွတ်လပ်စွာသွားလာခွင့်၊ လူမှုသဟဇာတဖြစ်စေရေးနှင့် လူမှုပေါင်းစည်းရေး ဖော် ဆောင်မှုနှင့် ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် စသည့်ကဏ္ဍများကို အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် UEHRD ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Asian Philanthropy Circle (APC) နှင့် Mainly I love Kids (MILK) တို့က အကောင်အထည်ဖော်ဆောင်ရွက်မည့် Dreams University တည်ဆောက်နိုင်ရေးအတွက် လျာထားမြေနေရာကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိ ပါသည်။
#hl1
#rke_jan2020
Source: MSWRR