လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၀)ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ တကူပတီကျေးရွာအုပ်စု၌ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေ အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဉီးရေ (၂)ဉီး အတွက်(၇)ရက်စာဆန်ထောက်ပံ့ဖိုးငွေ (၄၂၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ (၂၀၄၂၀ဝ/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၂၁-၁-၂၀၂၀)ရက်နေ့တွင် မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
# mon_jan2020