သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

22_ Pic _ 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၀၀-၁၂:၀၀)အချိန်၌ အ.လ.က၊ မန်းခင်း ၊ဖလမ်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ကျောင်းသား/သူ၊ ဆရာ/ဆရာမများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ပြီး ရှောင်ရန်/ဆောင်ရန် အချက်များ၊ တက်ရောက်သူများထဲမှ ကျောင်းသား/သူများ ၏ သိလိုသည့်အချက်များ ဆွေးနွေးခဲ့ကြပြီး မေးခွန်းအမေးအမြန်းများ ပြုလုပ်ခြင်း၊ မေးခွန်း(၅)ခုမှ အဖြေမှန်သူ(၅)ဦးအား ကျောင်းသုံးစာရေးကိရိယာများကို ဆုအဖြစ် ချီးမြှင့်ခြင်း၊ ဘေး(၆)မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#chn_jan2020

Sign Up

Upcoming Events