တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀၁၉) ရက်နေ့ (၁၁:၃၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအုပ်စု၊ မဲ သံကြိုးကျေးရွာမှ အမ်းမြို့နယ်၊ ရူးကျေးရွာအုပ်စု၊ ဒုက္ကံကျေးရွာသို့ ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု (၂၃) စုမှ ကျား (၅၆) ဦး၊ မ (၆၁) ဦး၊ ပေါင်း(၁၁၇) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ (၁၇) အိတ်၊ (၁) ပြည်၊ (၄) ဘူး တန်ဖိုးငွေ (၄၉၁,၄၀၀/-) ကျပ်တို့အား (၂၂-၁၂-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ (၅-၁-၂၀၂၀) ရက်နေ့တွင် ကျန်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၅) စုမှ ကျား (၄၀)၊ မ (၄၈) ဦး ပေါင်း (၈၆) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ တန်ဖိုးငွေကျပ် (၇၇၄,၀၀၀/-) ကျပ်တို့အား (၁၀-၁-၂၀၁၉) ရက်နေ့တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#otr
#rke_jan2020

Sign Up

Upcoming Events