ညောင်တုန်းမြို့တွင် မြစ်ကမ်းထိန်းအုတ်ရိုးများ ကျိုးပြတ်၍ အက်ကြောင်းများ ဖြစ်ပေါ်နေမှုအား ကွင်းဆင်းစစ်ဆေးမှုသတင်း

10 _ Pic _ 02 10 _ Pic _ 03

 
(၇-၁-၂၀၂၀)ရက်နေ့နှင့် (၈-၁-၂၀၂၀)ရက်နေ့တို့တွင် ဖြစ်ပေါ်သော ညောင်တုန်းမြို့၊ အမှတ် (၃)ရပ်ကွက်၊ (၂၁)လမ်း၊ (၂၂)လမ်းနှင့် (၂၃)လမ်းကမ်းနား၊ အတွင်းဘက်နှင့် အပြင်ဘက်တို့တွင် မြစ်ကမ်းထိန်းအုတ်ရိုးများ ကျိုးပြတ်၍ အက်ကြောင်းများဖြစ်ပေါ်ပြီး မြေနိမ့်ကျမှု အခြေအနေ အား (၉-၁-၂၀၂၀)ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့သည် ခရိုင်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဆည်မြောင်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ အား လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်း၊ အဆိုပါအန္တရာယ်နှင့်နီးသော ကျောင်းသား/ ကျောင်းသူ (၆၁) ဦးခန့်ရှိ သွန်းဘုရားကြီးပိုင်း အခြေခံပညာမူလတန်းကျောင်းအား ညောင်တုန်း မြို့ပေါ်ရှိ အေးမြသာစည် ဈာနမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထီးဖြူတော်တန်းဆောင်၌ ပြောင်းရွှေ့ ၍ ကျောင်းသား/ကျောင်းသူများ စာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှုခဲ့ပါကြောင်း အန္တရာယ်နှင့်နီးသော နေအိမ်များမှ လက်တလော အခြေအနေ တွင် ပြောင်းရွှေ့နေထိုင်မှုမရှိပါကြောင်းနှင့် အန္တရာယ်အား သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းမှ သတိထားစောင့်ကြည့်နေကြသည့် အခြေအနေဖြစ်ကြောင်း သိရှိရပါသည်။
#ayy_jan2020
 
 
Source: ဧရာဝတီတိုင်းဒေသကြီးဉီးစီးမှူးရုံး (ဘစမ)
 
 

Sign Up

Upcoming Events