
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် (၉-၁-၂၀၂၀) ရက်နေ့တွင် ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာအုပ်စု၊ ရပ်ကွက် (၇) တွင် မီးဘေးသင့်မှုကြောင့် လူနေအိမ် (၁) လုံးအတွက် ကယ်ရေးပစ္စည်း (၁၆) မျိုး၊ family kit (၁) ထုပ်၊ ပလပ်စတစ်ရေပုံး (အဖုံးပါ) (၂) လုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀) ကျပ်အား (၁၀-၁-၂၀၂၀) ရက်နေ့တွင် (၁၅:၀၀) နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ဘီးလင်းမြို့နယ်ဦးစီမှူးရုံးမှ (ဘစမ)