ကမ်းပြို​ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

10_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ မြင်းခြံစုကျေးရွာနှင့် ထူးကျေးရွာတို့တွင် (၉-၁-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂၀)လုံး၊ အိမ်ထောင်စု(၂၀)စုတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၂,၀၀၀,၀၀၀/-)၊ လူဦးရေ(၈၉)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၆,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၁၈၆,၉၀၀/-)ကျပ်အား (၁၀-၁-၂၀၂၀) ရက်နေ့ (၁၁:၃၀)အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe

#mgy_jan 2020

Sign Up

Upcoming Events