လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၉) ရက်နေ့ ၌ ကျောက်ဖြူခရိုင်၊ အမ်းမြို့၊ မြောက်ပိုင်းရပ်ကွက်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအုပ်စု၊ ကံ့ကော်မြိုင်ကျေးရွာနှင့် အမ်းမြို့နယ်၊ ရူးကျေးရွာအုပ်စု၊ ရူး(ချင်း) ကျေးရွာတို့တွင် ရောက်ရှိခိုလှုံ လျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၂၃) စုမှ ကျား(၅၂) ဦး ၊ မ(၅၇) ဦး၊ စုစုပေါင်း(၁၀၉) ဦး တို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာတန်ဖိုးငွေ(၄၅၇,၈၀၀) ကျပ်တို့အား(၃-၁-၂၀၂၀) ရက်နေ့ (၁၂:၃၀) အချိန်တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံ သို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#rke _jan2020
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)