လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ (၁၂.၁၂.၂၀၁၉)ရက်နေ့တွင် မြဝတီခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းဆင်းပွဲအခမ်းအနားအား ကျင်းပခဲ့ရာ မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းလွင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်သူထိုက်တို့မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အခမ်းအနားအား ခရိုင်၊ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#krn_dec2019
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)