လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂ဝ၁၉) ရက်နေ့ (၁၂:၀ဝ) အချိန်မှ (၁၃:၃၀) နာရီအချိန်ထိ တောင်ရင်းကျေးအုပ်စု၊ စေတီယျကျေးရွာ အ.ထ.က(ခွဲ) ၌ ဆရာ/မများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၂၀၀) ဦးခန့်အား ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်ပွားစဉ် တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ် ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများကို ဆွေးနွေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းနှင့် မုန့်ထုပ်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#rke_dec2019