သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၁၉)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ကျောက်တန်းမြို့နယ်၊ စင်မကော်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ/ဆရာမ၊ကျောင်းသား/ကျောင်းသူ (၂၅၀)ဦးခန့်နှင့်ပြည်သူလူထု(၆၀)ဦးတို့ကို သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် ငလျင် ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#ygn_dec 2019

Sign Up

Upcoming Events