သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်ခြင်း

 

5_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ (၂.၁၂.၂၀၁၉)ရက်နေ့ နံနက် (၀၉ ၃၀)နာရီတွင် စစ်တွေမြို့၊ မင်းသူရိယခန်းမတွင် ကျင်းပပြုလုပ်သည့် “သဘာဝဘးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း” (BDMC Course) အား ဖိတ်ကြားထားသော ဌာနဆိုင်ရာအရာရှိများ၊ သင်တန်းသား/သူများ စုစုပေါင်း (၇၀)ဦး တက်ရောက်ပြီး ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးမှ သင်တန်းအဖွင့်အမှာစကား ပြောကြားကာ သင်တန်းအား အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား သင်တန်းသား(ရပ်ကျေးအုပ်ချုပ်ရေးမှူး)(၄၀)ဦးနှင့် ဌာနဆိုင်ရာသင်တန်းသား/သူ (၁၀)ဦး စုစုပေါင်း သင်တန်းသား(၅၀)ဦးဖြင့် (၂-၁၂- ၂၀၁၉)ရက်မှ (၆-၁၂-၂၀၁၉)ရက်ထိ (၅)ရက်တာ ဖွင့်လှစ်သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

#ar

#rke_dec2019

Source:                        ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events