လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဉီးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) ချိန်တွင် ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/သူ စုစုပေါင်း (၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၄-၁၂-၂၀၁၉) ရက်နေ့မှ (၆-၁၂-၂၀၁၉) ရက် နေ့အထိ သင်တန်းသား (၃၀) ဉီးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ညောင်ဦးခရိုင်ဉီးစီးမှူးရုံး(ဘစမ)
#ar
#mdy_dec2019