လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၁၉) ရက်နေ့တွင် ကော့မှူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန ပြန်ကြားရေးနှင့်ပြန်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်သင်တန်းအမှတ်စဉ် (၃/၂၀၁၉) အား ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စေတနာ့ ဝန်ထမ်းလူငယ် (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ မြို့မိမြို့ဖများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါကြောင်း သတင်း ရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar
#ygn_dec2019