School Cum Shelter တည်ဆောက်မှုအခြေအနေအားသွားရောက်စစ်ဆေးမှုသတင်း

26_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့နှင့်အတူ (၂၆-၁၁-၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီအချိန်၌ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာနှင့် ရွာလေးချောင်းကျေးရွာရှိ school cum shelter (၇၅%) တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#ayy_nov2019

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events