တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

26_pic_01
ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းသို့ အသစ်ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၇၀) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ ဆန် (၁၀) အိတ် (၅) ပြည်နှင့် ပြည်ရှည် ကျေးရွာအုပ်စု၊ ပြင်ရှည်(ရခိုင်) ကျေးရွာသို့ ရောက်ရှိလာကြသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၄၅) စု၊ လူဦးရေ (၂၁၃) ဦး အတွက်ဆန်ရိက္ခာ(၂) ပတ်စာ ဆန် (၃၁) အိတ် (၁) ပြည် (၄) ဘူးအား (၂၆-၁၁-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုက်ပွဲရှောင်ပြည်သူများ ထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr
#rke_nov2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events