လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီ မှ (၁၂:၀၀) နာရီအထိ ကျိုင်းတုံမြို့၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကတ်ထိုက် စံပြကျေးရွာတွင် ရွာသူ/ ရွာသား (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး လျော့ပါးရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_nov2019
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)