လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၉) ရက်နေ့၊ ( ၁၀ : ၀၀ ) နာရီအချိန်တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မန္တလေး (IDP) စခန်းမှ နနင့်လှိုင်ကွက်သစ်နှင့် နောင်ပေါင်းကျေးရွာသို့ ပြောင်းရွှေ့အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၆) ဦးတို့အတွက် ပလပ်စတစ်ပုံးအပါအဝင် ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုး၊ ပုံး (၄) ပုံး၊ လူဦးရေ (၁၆) ဦးအတွက် တစ်လစာဆန်အိတ်(၅)အိတ် ၊ တန်ဖိုးငွေ(၁၅၀,၀၀၀)နှင့် ပြောင်းရွှေ့စရိတ် (၁)အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၄၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၀,၀၀၀) ကို သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_otr
#kcn_nov2019
source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)