သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

25_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၅-၁၁-၂၀၁၉) ရက်နေ့တွင် ကော့ကရိတ် မြို့နယ်၊လောင်းကိုင်ကျေးရွာရှိ အထက (ခွဲ) ကျောင်းတွင် ဆရာ/ ဆရာမ၊ ကျောင်းသား/ သူ စုစုပေါင်း (၂၈၀) ဦးတို့အား ဦးစီးဌာနနှင့်ပတ်သတ်သော လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှု နှုန်းထားများ၊ မီးဘေး၊ ရေဘေး၊ လေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့ဖြစ်ပွားပါက ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ar
#krn_nov2019

Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events