လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၉) ရက်နေ့ နံနက် (၉:ဝဝ) နာရီ မှ (၁၁:ဝဝ) နာရီအထိ အခြေခံပညာမူလွန်ကျောင်း၊ ဘိုရှီးကျေးရွာတွင် ဆရာ ဆရာမ ၊ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၅) ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများ ဆိုင်ရာအသိပညာပေးဟောပြောပွဲအား ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈) မျိုး ဆောင်ရန် ရှောင်ရန်များ၊ ငလျင်ဘေးနှင့် ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လိုက်ပါဆောင်ရွက် စေခြင်းနှင့် ဘေး (၈) မျိုးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_nov2019
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)