သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

25_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ပုန်းညှက်ကျေးရွာအုပ်စု၊ ပုန်းညှက်ရွာမူလတန်းကျောင်း၌ (၂၄-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၃၀)နာရီချိန်မှ (၁၅:၃၀)နာရီချိန်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောဆွေးနွေးသရုပ်ပြခြင်းများဆောင်ရွက်ခဲ့ရာဆရာ/ဆရာမ၊ ကျောင်းသား/ သူများ နှင့် ကျေးရွာသူ/ သား စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#rke_nov2019
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events