
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ စေတီကွင်းကျေးရွာအုပ်စု၊ စေတီကွင်းအထက်တန်းကျောင်း (ခွဲ) ၌ (၂၄-၁၁-၂၀၁၉) ရက်နေ့၊ (၁၁:၀၀) နာရီချိန်မှ (၁၂:၃၀) နာရီချိန်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောဆွေးနွေးသရုပ်ပြခြင်းများဆောင်ရွက်ခဲ့ရာဆရာ/ဆရာမ၊ ကျောင်းသား/ သူများ နှင့် ကျေးရွာသူ/ သား စုစုပေါင်း (၁၅၃) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#rke_nov2019
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)