
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၁၁..၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီ မှ (၁၂:၀၀) နာရီ ထိ ကျိုင်းတုံမြို့၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ပန်လီအောက်ကျေးရွာတွင် ရွာသူ/ရွာသား (၇၀) တို့ဦး အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ဟောပြောပွဲ သို့ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_nov2019
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)