တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးနေမှုသတင်း

23_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၁၁.၂၀၁၉) ရက်နေ့ (၁၆:၀၀) နာရီအချိန်ခန့်တွင် ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ ဂဏန်းပြင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအနီးပတ်ဝန်းကျင်တောင်ကုန်းများ၌ တပ်မတော်မှ နယ်မြေစိုးမိုးရေးရှင်းလင်းဆောင်ရွက်စဉ် စိုးရိမ်ကြောက်ရွံ့မှုများကြောင့် ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်၊ မူလာရာမဘုန်းတော်ကြီးကျောင်း၌ ထပ်မံရောက်ရှိနေသော တိုက်ပွဲရှောင်အိမ်ထောင်စု(၆)စုမှ၊ ကျား(၅)ဦး၊ မ(၁၄)၊ စုစုပေါင်း(၁၉)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ၊ (၂)အိတ်၊ (၁၈)ပြည်၊ (၄)ဘူး၊ တန်ဖိုးငွေ(၇၉၈၀၀/-)အား (၂၃.၁၁.၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr
#rke_nov2019
Source – ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events